လွိုင်လင် ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲကို ယနေ့မွန်းလွဲ၂ နာရီက မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
လွိုင်လင်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဆန်းလင်းက တည်ဆဲဥပဒေများနှင့်အညီ ပြေစာအမှတ်တံဆိပ်၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အခွန်ထမ်းလုပ်ငန်းရှင်များမှ သိလိုသည်များ မရှင်းလင်းသည်များနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းပြောကြားသည်။
အဆိုပါ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲသို့ မြို့ပေါ်ရှိ အခွန်ထမ်းလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
လွိုင်လင်မိုး (ခရိုင်ပြန်/ဆက်)