အ.ထ.ကမိုင်းနောင်ကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲဆောင်ရွက်

မိုင်းနောင် ဇွန် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့အကြိုဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးဦးစည်သူထွန်းက အဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နန်းမီးက ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းခဲ့သည်။ ဆက်လက်၍ ရဲအုပ်ဇော်၀င်းက မူးယစ်ဆေးဝါးဥပဒေအကြောင်းနှင့် ဒေါက်တာဝေယံစိုးကမူးယစ်ဆေးဝါး၏ဆိုးကျိုးများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရသည်။

အဆိုပါအပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ဟောပြောပွဲသို့ မြို့အုပ်ချုပ်ရေးမှူးဦးစည်သူထွန်းနှင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၃၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)