ကွမ်းခြံကုန်းမြို့နယ် ၊ ဝက်ကိုက်ကျေးရွာ အထက(ခွဲ)ကျောင်းသို့ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအား Worldview International Foundation (WIF) အဖွဲ့ မှ သွားရောက် လှူဒါန်း

ကွမ်းခြံကုန်း  နိုဝင်ဘာ ၁၃

ရန်ကုန်တိုင်း ဒေသကြီး ၊တောင်ပိုင်း  ခရိုင် ၊ကွမ်းခြံကုန်းမြို့နယ် ၊  ဝက်ကိုက်ကျေးရွာအုပ်စု ၊ဝက်ကိုက်ကျေးရွာ အထက(ခွဲ) ကျောင်းသို့ ကွန်ပျူတာနှင့်  ဆက်စပ် ပစ္စည်းများအား Worldview  International  Foundation (WIF)  အဖွဲ့မှ ယမန်နေ့က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် World view International Foundation (WIF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စုစုပေါင်းတန်ဘိုးငွေ ကျပ် (၂၃၈၂၉၀၀)ရှိသော ကွန်ပျူတာ နှင့် ဆက်စပ် ပစ္စည်းများအား လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသိုက် မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။

လှူဒါန်းပွဲ အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သော်နှင့် ဆရာ၊ ဆရာမများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ၊ World view International Foundation (WIF)အဖွဲ့ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)