သီပေါမြို့၌ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ခြင်း အခွန်ဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

သီပေါ ဇွန် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အခွန်ဦးစီးဌာနရုံးခန်းမ၌ အခွန်ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်မြင့်မြင့်စောနီက မြို့နယ်အတွင်းရှိ အခွန်ထမ်းလုပ်ငန်းရှင်များအား ၂၀၂၄ ခုနှစ် ပြည်ထောင်စု၏အခွန်ကောက်ဥပဒေနှင့် ပြေစာအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုက်နာရမည့်ဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များ ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များအား ရှင်းလင်းခဲ့ရာ တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။ အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိအခွန်ထမ်းလုပ်ငန်းရှင်များ စုစုပေါင်း (၂၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်လေး