သာစည် ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၁၈ ရက်နံနက် ၈ နာရီက ဘုရားငါးဆူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ပြုလုပ်ကြောင်းသိရသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင်ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်မင်းဦးနှင့်တာဝန်ရှိသူများက မြို့နယ်ပညာ ရေးမှူးဦးလှထွန်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်တင်တင်မြ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်လာသူများထံ ပျိုးပင်များပေးအပ်သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မိုးရာသီသစ်ပင်များစိုက်ပျိုးပေးသည်။ ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဘုရားငါးဆူကျေးရွာရှိ အကျဉ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ ဘုရားငါးဆူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ဆရာ/မ များနှင့်ကျောင်းသား/သူများ၊တက်ရောက်လာသူများက သစ်ပင်များစိုက်ပျိုးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးသည်။ သစ်ပင်စိုက်ပျိုး ပွဲတွင် ပိတောက် ၅၀၀၊ စိန်ပန်း ၅၀၀၊ တပေဘူတ ၅၀၀ စုစုပေါင်းသစ်ပင် ၁၅၀၀ အား တပျော်တပါးစိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)