ကမာရွတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦး​ရေနှင့် အိမ်အ​ကြောင်းအရာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း​ ကောက်ယူ​ခြင်းလုပ်ငန်း ​မြေစိုက်ဘုတ် စိုက်ထူ

ရန်ကုန် ဇွန် ၁၈

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယ​နေ့နံနက် (၀၈း၀၀) နာရီ အချိန်က အမှတ် (၉) ရပ်ကွက်၊ ပြည်လမ်းမပေါ်ရှိ၊ ဟံသာဝတီအဝိုင်းရှေ့၌ ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေး ဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီဝင်များ၊ မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ထို့​​နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြင့်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးထင်လင်းအောင်နှင့် မြို့နယ် လူဝင်မှုကြီကြပ်​ရေးနှင့်ပြည်သူ့ဝန်ထမ်း မြို့နယ်ဦစီးမှုးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းနှင့် သန်းခေါင်စာရင်းကောက်ယူရေး လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)