မရမ်းကုန်း ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီက မရမ်းကုန်းမြို့နယ် အမှတ် ၅ ရပ်ကွက် ပြည်လမ်းမပေါ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာသန်းခေါင်စာရင်းကောက်ယူရေးလူထုအသိပညာပေး မြေစိုက်ပိုစတာဆိုင်းဘုတ်အား မရမ်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင်ဇော်ဇော်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဟန်ထွန်းဇော်၊ အဖွဲ့ဝင်(၂)ဦးရဲဝင်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံးမှဦးစီးမှူးဦးသန့်ဇင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဝင်းခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံးမှရုံးဝန်ထမ်းများက ခရီးသွားလာကြသောပြည်သူများ၊ မော်တော်ယာဉ်များ၊ လူစည်ကားရာနေရာတို့၌ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)