မိုင်းရယ် ဇွန် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်သစ်တောဦးစီးဌာနကဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများပါဝင်သည့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက အမှတ်(၃)ရပ်ကွက်၊ မိုင်းရယ်-ကျေးသီးလမ်း၊ မြို့နယ်အထွက်ဂိတ်ရှေ့တွင် ပြုလုပ်သည်။
သစ်ပင်စိုက်ပျိုးရေးပွဲတော်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီးဦးဂွမ်ဆန်အောင်တို့က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများထံ ပျိုးပင်များပေးအပ်သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက ကျွန်း ၁၀၀၊ ခါတော်မီ ၁၀၀၊ ယမနေ ၁၀၀၊ မယ်ဇလီ ၂၅၀၊ ပန်းဝါ ၁၅၀၊ ထင်းရှူး ၂၀၊ ခရေ ၃၀၊ စုစုပေါင်း ၇၅၀ ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)