ရှမ်းပြည်နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အဖြစ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို လားရှိုးလူထုအခြေပြုဗဟိုဌာနတွင်ပြုလုပ်

လားရှိုး ဇွန် ၁၇

ရှမ်းပြည်နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အဖြစ် အထက်တန်း၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက Community Centre ရှိ သင်တန်းခန်းမနှင့် စာကြည့်တိုက်တို့တွင် ကျင်းပသည်။

စာစီစာကုံးပြိုင်ပွဲ အထက်တန်းအဆင့်တွင် “လူငယ့်အားမာန်နိုင်ငံ့ကောင်းကျိုး”၊ “စာဖတ်ခြင်း၏အကျိုးကျေးဇူးများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် “စာဖတ်ဝါသနာ”၊ “လုံ့လစိုက်ကာပညာရှာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲသို့ လားရှိုးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အထက်တန်းအဆင့်တွင် (၂၈)ဦး၊ အလယ်တန်းအဆင့်တွင် (၃၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပနေမှုများကို လားရှိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ကေသွယ်ဟန်၊ မြို့နယ်ပညာရေးမှူးဒေါ်အုန်းဆန်းနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

စိုင်းထွန်း ( လားရှိုး )