နောင်ချိုမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

နောင်ချို ဇွန် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌  ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်အား အ.မ.က သပြေရေစာသင်ကျောင်း၌  ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူလင်းနှင့် ဌာနဆိုင်ရာများ၊ ကျောက်မဲခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့က ပျိုးပင်များကိုပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာကြသူများက သစ်ပင်စိုက်ပျိုးရန် စီစဥ်ထားသော နေရာများတွင် စနစ်တကျ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်အုပ်ချုပ် ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောက်မဲခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ နောင်ချိုမြို့နယ် မြို့နယ်တာဝန်ခံတောအုပ် ဦးအောင်သူနှင့် ဝန်ထမ်း များ၊ အ.မ.က သပြေရေ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ ရပ်ကွက်သားများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၁၅၀ ဦး တက်ရောက် ခဲ့ကြသည်။

ယနေ့သစ်ပင်စိုက်ပျိုးပွဲတော်၌ ပိတောက်၊ မယ်ဇလီ၊ ခါတော်မှီ၊ ရေသင်းဝင်၊ ရေပိတုန်း၊ စိန်ပန်း၊ ကံ့ကော်၊ ခရေ စုစုပေါင်းအပင် (၂၀၀) စိုက်ပျိုးခဲ့ကြပြီး သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးနှင့် စိမ်းလန်းစိုပြေ ရေးအတွက် အထောက်ကူဖြစ်စေရန် ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အား ကျင်းပရခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ထွေးငယ် (ပြန်/ဆက်)