မိုင်းဖြတ် ဇွန် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ ကျိုင်းတုံမှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ ကျိုင်းတုံမှဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းနှင့် တာဝန်ရှိသူများက မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းဖြင့်ဆောင်ရွက်သည့် ခန့်မှန်းကုန်ငွေ (၇.၀)ကျပ်သန်းဖြင့် လမ်းအရှည် ၁၈၀ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၃ ပေ ၆ လက်မရှိ ပြည်ထောင်စုလမ်းနှင့် မြို့ပတ်လမ်းသို့ ဆက်သွယ်သည့် လမ်းသွယ် ၅ ပြန်လည်ဖော်ဆောင်ခြင်းလုပ်ငန်းအားလည်းကောင်း၊ ခန့်မှန်းကုန်ကျငွေ (၁၇.၇၇) ကျပ်သန်းဖြင့် အရှည် ၂၁၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆လက်မရှိ ဈေးတန်းရပ်ကွက် ခေတ္တာလမ်းသွယ် ကွန်ကရစ်ခင်းခြင်း (အပိုင်း-၁) လည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းနှင့် တာဝန်ရှိသူများသည် ခန့်မှန်းကုန်ကျငွေ (၁၉.၅)ကျပ်သန်းဖြင့် အရှည် ၂၀၀ ပေ၊ အကျယ် ၂ပေ ၆ လက်မ၊ အမြင့် ၂ ပေ ၆ လက်မရှိ သစ္စာလမ်းကျောက်စီရေမြောင်းပြုလုပ်ခြင်း ဆောင်ရွက်ခြင်းအား လည်းကောင်း၊ ခန့်မှန်းကုန်ကျငွေ(၁၉.၈) ကျပ်သန်းဖြင့် အရှည် ၂၄၀ ပေ၊ အကျယ် ၁၄ ပေ၊ ၆ လက်မရှိ ဝမ်ဟွေရပ်ကွက် မြယာလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း (အပိုင်း-၁)အားလည်းကောင်း၊ ခန့်မှန်းကုန်ကျငွေ(၁၅.၄၈) ကျပ်သန်းဖြင့် အရှည် ၈၀ ပေ၊ ၆ပေရှိ ဟိုနားကံ့ကော်လမ်းမြေကာ နံရံတည်ဆောက်ခြင်းလုပ်ငန်းများကို အသီးသီးစစ်ဆေးကြည့်ရှုခဲ့ရာ မိုင်းဖြတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်ရည်မွန်သန့်တို့မှ လုပ်ငန်းများအား လိုက်လံရှင်းပြခဲ့ပြီး ဒုတိယအင်ဂျင်နီယာမှူးကြီးက လိုအပ်ချက်များနှင့် သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ လုပ်ငန်းများ အချိန်မီဆောင်ရွက်ပြီးစီးရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)