တာလေမြို့ စည်ပင်သာယာရေးဌာန လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

တာလေ ဇွန် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ရှမ်းပြည်နယ်စည်ပင်သာယာ‌ရေးဌာနခွဲ(ကျိုင်းတုံ)မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးသိန်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့စည်ပင်သာယာရေးဌာနမှ  ဉီးစီးမှူး ဉီးမနားရွှီးနှင့် ဝန်ထမ်းများက  မြို့စည်ပင်သာယာရေးဌာနခွဲ၏ (၂၀၂၄ - ၂၀၂၅) ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ်အတွင်း ဆောင်ရွက်ခဲ့သည့် ငွေလုံးငွေရင်း လုပ်ငန်းများဖြစ်သော အမှတ်(၁)ရက်ကွက်၊ ၁/၆ ကွန်ကရစ်ခင်းခြင်း (၂၅၀×၁၂×၆)ပေ ကျပ်သန်းပေါင်း (၁၆.၆၇)သန်း၊ အမှတ်(၃) ရက်ကွက် ဂါလံ (၃၀၀၀၀)ဆန့် ရေစုကန်မှ တာလေလမ်းဆုံအထိ ပိုက်လိုင်းသွယ်တန်းခြင်း (၆×၉၀၀)ပေ ကျပ်သန်းပေါင်း (၁၉.၃၃)သန်းနှင့် မိုင်းလင်းဈေးအရှေ့ဘက်ခြမ်း ခြံစည်းရိုးကာရံခြင်း (၁၅၀×၆)ပေ ကျပ်သန်းပေါင်း (၁၂) သန်း စသည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မိုးလရောင် (ပြန်/ဆက်)