တန့်ယန်းမြို့နယ်တွင် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် ကြိုတင်လေ့ကျင့်

တန့်ယန်း ဇွန် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ သွားရောက်၍ ပါဝင်ယှဉ်ပြိုင်ရန်အတွက် မြို့နယ်အားကစားကွင်းကြီး၌ လေ့ကျင့်ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးဘောလုံးပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေမှုအား စိတ်ပါဝင်စားသော အမျိုးသမီးငယ်များ၊ ရပ်ကွက်နှင့် အခြေခံပညာကျောင်းများမှ အမျိုးသမီးများအား စုစည်းစုဖွဲ့၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်လေ့ကျင့်ပေးနေပြီး အသင်းအုပ်ချုပ်သူအဖြစ် ဦးစီးအရာရှိ ဦးလှမျိုးမြင့်၊ အသင်းနည်းပြ (၂)ဦး၊ ကစားသမား (၁၈)ဦး စုစုပေါင်း (၂၁)ဦး သွားရောက် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။        

မင်းလွင်ဦး(တန့်ယန်း)