လွိုင်လင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

လွိုင်လင် ဇွန် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အစီအစဉ်အရ ကျောင်းအုပ်ဆရာမကြီး ဒေါဖြိုးဖြိုးအေးမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိန်းသန်းဌေးက "ကျောင်းသားနှင့် စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောပေးခဲ့ပြီးနောက် ဟောပြောချက်များနှင့်ပတ်သက်၍ ဆန်းစစ်ခြင်း၊ မေးခွန်းများမေးမြန်းခြင်း၊ ပြန်လည်‌ဖြေကြားခြင်းများ ​ဆောင်ရွက်ခဲ့သည်။

ယင်းနောက် မြို့နယ်အား/ကာမှုး ဒေါ်မိုးမိုးအေးမှ “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပေးခဲ့သည်။ ‌အသိပညာပေးဟောပြောပွဲသို့ ဆရာ/‌ဆရာမများ၊ ကျောင်းသား/သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)