မိုးကောင်းမြို့ ရွှေသာလျောင်းမြတ်စွာဘုရားကြီး၏ နှစ်(၁၅၀)ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ပျော်ပွဲရွှင်ပွဲ ပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိုးကောင်း  ဖေဖော်ဝါရီ  ၂၄

ဖေဖော်ဝါရီ(၁၇)ရက်နေ့မှစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည့် မိုးကောင်းမြို့ ရွှေသာလျောင်းမြတ်စွာဘုရားကြီး၏ နှစ်(၁၅၀)ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ပျော်ပွဲရွှင်ပွဲ ပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဘုရားကြီးပွဲတော်အတွင်း၌ ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် ကျင်းပသည်။

ဗိုလ်လုပွဲကို အိုအေစစ်(ဖားကန့်)နှင့် မိုးညှင်း(ခ)အသင်းတို့ယှဉ်ပြိုင်ကြရာ အိုအေစစ်(ဖားကန့်) အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ပိုက်ကျော်ခြင်းအလွတ်တန်း ပထမဆု အိုအေစစ်(ဖားကန့်)၊ ဒုတိယဆု မိုးညှင်း(ခ)၊ တတိယဆု အိုလံပစ်၊ စတုတ္ထဆု High Classအသင်းတို့နှင့် လူသစ်တန်း ပိုက်ကျော်ခြင်း ပထမဆု ဘယ်ကြီး၊ ဒုတိယဆု အောင်သူ၊ တတိယဆု ပင်လယ်ဒမြ အသင်းတို့အား ပွဲတော်ကျင်းပရေးကော်မတီ နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ Mytel မှ manager ဦးချစ်ဇော်ဦးတို့က ဆုချီးမြှင့်ကြသည်။

ပိုက်ကျော်ခြင်း အလွတ်တန်းနှင့် လူသစ်တန်းဖိတ်ခေါ်ယှဉ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၇နေ့မှစ၍ ယနေ့ထိ ပွဲစဉ် (၄၄)ခုဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)