ပျော်ဘွယ် ဇွန် ၁၄
ပျော်ဘွယ်မြို့နယ် သစ်တောဦးစီးဌာနမှဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီလူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းတွင် ပျော်ရွှင်စွာစုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်နှင့်အဖွဲ့ဝင်များ၊ ရမည်းသင်းခရိုင် သစ်တောဦးစီးမှူး ဦးသိန်းသန်းထွန်း၊ မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်ခင်ဦးနှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပေးကြမည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများကို ပျိုးပင်များပေးအပ်ကြသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ မဟော်ဂနီ၊ ရေတမာ၊ ယူကလစ်၊ မယ်ဇလီ၊ မြန်မာကုက္ကို၊ စိန်ပန်းကြီး၊ မန်ကျီး၊ ယင်းမာစသည့်ပျိုးပင်(၃၅၀)ကို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများက ပျော်ရွှင်စွာစုပေါင်းစိုက်ပျိုးပေးခဲ့ကြပြီး စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများ၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလိုသူများရှိပါ မြို့နယ်သစ်တောဦးစီးဌာနရုံး ပျိုးဥယျာဉ်တွင် အခမဲ့လာရောက်ထုတ်နိုင်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)