မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပ

မိတ္ထီလာ ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၏ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ဘာသာ ရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါ တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ အဆိုပါ အမျိုးသား၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲ အဖွင့်ပွဲစဉ်များအဖြစ် အမျိုးသားပြိုင်ပွဲတွင် ရုက္ခဗေဒအသင်းနှင့် ဘူမိဗေဒအသင်း၊ အမျိုးသမီး ပြိုင်ပွဲတွင် ဘူမိဗေဒအသင်းနှင့် ရူပဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပါမောက္ခချုပ် ဒေါက်တာ ဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနေအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကျော်လင်း၊ ဆရာဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများက ကြည့်ရှုအားပေးကြသည်။ အဆိုပါကြက်တောင်ရိုက်ပြိုင်ပွဲ အမျိုးသားပြိုင်ပွဲတွင် အုပ်စု(က) ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဘူမိဗေဒ၊ သင်္ချာ၊ မြန်မာစာ၊ အုပ်စု(ခ)အရှေ့တိုင်းပညာ၊ သမိုင်း၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် အင်္ဂလိပ်စာ၊ အမျိုးသမီးပြိုင်ပွဲတွင် အုပ်စု(က) ဘူမိဗေဒ၊ သင်္ချာ၊ ရူပဗေဒ၊ အုပ်စု(ခ) ဓာတုဗေဒ၊ အရှေ့တိုင်း ပညာ၊ မြန်မာစာနှင့် အင်္ဂလိပ်စာတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအား ဇွန်လ ၁၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ