ရွာငံမြို့နယ်၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်

ရွာငံ ဇွန် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆင်နက်ချောင်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်​ပြည့်ဖြိုးသန့်က ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် ဆိုးကျိုးများအကြောင်းနှင့်  ဖြစ်ပွားတတ်သည့်ရောဂါများအကြောင်းကို ဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာ​စောင်စောင်များကို ပြသခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းရှိလာစေရန်နှင့် စာဖတ်စွမ်းရည်မြှင့်မား​လာစေရန်အတွက် သုတ/ရသစာအုပ်များဖြင့် စာဖတ်ဝိုင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။

ပြည့်ဖြိုးသန့်