သံဖြူဇရပ် ဇွန် ၁၄
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် နံရံကပ်စာစောင်ပြသ ခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက အ-လ-က(ခွဲ) အောင်ဇေယျကျောင်း၌ ပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးမော်က အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးသီက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောရာတွင် မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင်း ဖြစ်ပေါ်လာသော လက္ခဏာနှင့်ဆိုးကျိုးများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်အစဆေးလိပ်က ဖြစ်၍ ဆေးလိပ်ကို မသောက်သုံးကြစေရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်သည် အလွန်ကြောက် စရာကောင်းပြီး လူအများကို ဒုက္ခပေးသည့် မူးယစ်ဆေးဝါးကို ရှောင်ရှားကြစေရေး အသိပေး ပြောကြားသည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပြသထားသည့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးဆိုသည်မှာ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာ သည့် လက္ခဏာများနှင့် ဆိုးကျိုးများ၊ လူငယ်အနာဂတ်လှပဖို့ မူးယစ်ဆေးဝါးရှောင်ရှားစို့ စသည့် အကြောင်းအရာများကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)