ပင်လုံ ဇွန် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆုံဆို့-မေးခိုင် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉:၃၀)နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပင်လုံမြို့ မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေး၍ အ.ထ.က(၂) ကျောင်းရှိ အသက်(၅)နှစ်မှ (၇)နှစ်ကြား ကျောင်းသား၊ကျောင်းသူ (၈၂)အား ထိုးနှံပေးပြီး၊ ဆရာ၊ဆရာမများနှင့် ကလေးမိဘများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)