ကျောက်တံတား ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်းရှိ ဆီးချို/ သွေးတိုးဝေဒနာရှင်များအား သက်ရှည်ကျန်းမာစေရန်ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကို ဇွန်လ(၁၂)ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာမေသီတာခင်နှင့် ကျန်းမာရေးဝန်ထမ်းများက ဆီးချို/သွေးတိုးရောဂါဝေဒနာရှင်များအား သွေးပေါင်ချိန်တိုင်းခြင်း/ ဆီးချိုစစ်ဆေးပေးခြင်းနှင့် ပုံမှန်သောက်ဆေးများပေးခြင်းတို့ကိုဆောင်ရွက်ကာ သက်ရှည်ကျန်းမာစေရေးအတွက် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။
ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနတွင် ဆီးချို/သွေးတိုးရောဂါဝေဒနာရှင်များကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ အသက်(၅၀)နှင့်အထက် ဝေဒနာရှင်များ လာရောက်ဆေးကုသမှုခံယူခဲ့ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်