ကျောက်တံတား ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တားမြစ်ထားသည့် တရားမဝင်ဆေးဝါးများထားရှိ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ လက်ဝယ်ထားရှိ ရောင်းချခြင်း ရှိ/မရှိ၊ ရက်လွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိတို့ကို စနစ်တကျစစ်ဆေးပြီး အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆေးဆိုင်များကို စစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ကျောက်တံတားမြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ယခုကဲ့သို့ စစ်ဆေးခြင်းများကို အခါအားလျော်စွာ ရှောင်တခင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
(မြို့နယ်ပြန်ဆက်)