မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင် ပြသခြင်းများဆောင်ရွက်

မုဒုံ ဇွန် ၁၃

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့မွန်းလွဲ ၁ နာရီက အ.မ.က(ကျောင်းသစ်)၌ ပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်မိုးမိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မိုးမိုးစန္ဒာထွန်းက မူးယစ်ဆေး၏ အန္တရာယ်နှင့်ဆိုးကျိုးများ၊ မူးယစ်ကင်းစင်ရေးဆောင်ရန်/ ရှောင်ရန်အချက်များ၊ ကျောင်းသူ/သားများ ဗဟုသုတတိုးပွားနိုင်ရန် ကျောင်းစာအပြင် အခြားစာအုပ်စာစောင်များ လေ့လာဖတ်ရှုကြရေးတို့ကို ပြောကြားသည်။ ထို့နောက် ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်​တင်နိုင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးခဲ့သည်။

ဆက်လက်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်ပြ၊ ကာတွန်း၊ သုတ၊ ရသ၊ မဂ္ဂဇင်း၊ ပုံပြင်စသည့် အသိပညာတိုးပွားရေး စာအုပ်စာပေများနှင့် မူးယစ်‌ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များတို့ကို ကျောင်းသား/သူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)