ပင်လောင်း ဇွန် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှိမ်နင်းရေးလုပ်ငန်းများကို ယနေ့နံနက် ၁၀နာရီအချိန်က မင်္ဂလာကွက်သစ် ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးနှင့် ဆယ်အိမ်မှူးများက ရပ်ကွက်အတွင်းရှိ လူနေအိမ်အသီးသီးတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ ရေလှောင်ကန်များအတွင်း ပိုးလောက်လမ်းများ မပေါက်ပွားနိုင်အောင် အဘိတ်ဆေးများ ထည့်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အလားတူ ယမန်နေ့တွင်လည်း ကံသာဦးရပ်ကွက်အတွင်းသို့ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ရေလှောင်ကန်များအတွင်း ပိုးလောက်လမ်းများ မပေါက်ပွားနိုင်အောင် အဘိတ်ဆေးများ ထည့်ပေးခြင်းလုပ်ငန်းများကိုလည်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)