ပုဗ္ဗသီရိ ဇွန် ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာအုပ်စု၊ တံတားဦးကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားထုတ်ပေးခြင်းနှင့် e-ID စနစ်အတွက် Biographic / Biometric ကောက်ယူခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားထုတ်ပေးခြင်းနှင့် e-IDစနစ်အတွက် Biographic/Biometric ကောက်ယူခြင်းများ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တံတားဦးကျေးရွာရှိ ကျား(၂၈)ဦး၊ မ(၁၅)ဦး၊ စုစုပေါင်းလူဦးရေ(၄၃)ဦးနှင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးနှင့် နိုင်ငံသားကတ်ရှိပြီးသူတိုင်း e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ ဂဏန်း(၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းကို တစ်ပါတည်းဆောင်ရွက်လျက်ရှိရာ နိုင်ငံသားစိစစ်ရေးကဒ်ပြား(၄၃)ခုနှင့် UID(၅၀)ဦး ကောက်ယူခြင်းများဆောင်ရွက်ပေးခဲ့ရာ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်လင်း၊ လဝကမှူး ဦးဘုန်းဟန်၊ လက်ထောက်လဝကမှူး ဦးမြတ်စည်သူနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)