မိုင်းခုတ် ဇွန် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀:၃၀)နာရီက မိုင်းခုတ်မြို့ရှိ အခြေခံပညာမူလတန်းကျောင်း (ဝမ်ကတ်) သို့ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက စာဖတ်ခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းနှင့် မိုရာသီတွင်ဖြစ်ပေါ်လေ့ရှိသော သွေးလွန်တုပ်ကွေးများအကြောင်းကို အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်နှင့် ကဗျာများ၊ အခြားအသိပညာပေးစာအုပ်များဖြင့် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ပေးကာ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့်၊ မူးယစ်ဆေးဝါးအမျိုးအစားနှင့် ဆိုးကျိုးအန္တရာယ်များအကြောင်းကို ချိတ်ဆွဲပြသခဲ့ကြောင်း သိရသည်။
သီတာအေး (ပြန်/ဆက်)