မော်လမြိုင်မြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder) ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်   ဇွန်  ၁၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် လယ်ယာလုပ်တောင်သူများ အသုံးပြုနိုင်ရန် စပါးမျိုးစေ့ချကိရိယာပေးအပ်ပွဲအခမ်းအနားကို ဇွန် ၁၁ ရက်နေ့နံနက်ပိုင်းက ရွှေမြိုင်သီရိရပ်ကွက်အနောက်‌ မျှော်လင့်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်ချိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါရီက စပါးမျိုးစေ့ချကိရိယာ အသုံးပြုခြင်းကြောင့် တောင်သူများ အချိန်ကုန်၊ ငွေကုန်၊ လူပန်းသက်သာခြင်းနှင့် ပတ်သက်၍ ပညာပေး ပြောကြားခဲ့သည်။

ဆက်လက်၍ကျေးရွာအုပ်စုများရှိ ‌စပါးစိုက်တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒု-မြို့နယ်အုပ်ချုပ်‌ရေးမှူ ဦးတင်မိုးလွင်၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စပါးမျိုးစေ့ချကိရိယာများကို‌ တောင်သူများ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြသည်။

အဆိုပါ စပါးမျိုးစေ့ချကိရိယာ ပေးအပ်ပွဲအခမ်းအနားသို့ တောင်သူ (၄၀)ဦးတက်ရောက်ခဲ့ပြီး စပါးမျိုးစေ့ချ ကိရိယာမှာ (၈)တန်း သွားဖြစ်ပြီး တစ်ဧကလျှင် (၁၂) ပြည်မှ (၁၄)ပြည်ထိ စပါးမျိုးစေ့များကို ကြဲချနိုင်ကြောင်း သိရသည်။

ခင်စန်းမြင့်ပြန်/ဆက်