မုဒုံ ဇွန် ၁၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွက် တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းပညာသင်ကြားနေသည့် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဦးစီးဌာနရှိ အစည်းဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းမှ ပညာသင်ထောက်ပံ့ကြေး ပေးအပ်မှုနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းသားသမီးများအား တက္ကသိုလ်အဆင့်တစ်ဦးလျှင် (၃၅,၀၀၀)ကျပ်နှုန်းဖြင့် (၁၁)ဦးအတွက် ထောက်ပံ့ငွေ (၃၈၅,၀၀၀)ကျပ်၊ အထက်တန်းအဆင့် တစ်ဦးလျှင် (၂၅,၀၀၀)ကျပ်နှုန်းဖြင့် (၄)ဦးအတွက် ထောက်ပံ့ငွေ(၁၀၀,၀၀၀)ကျပ်၊ အလယ်တန်းအဆင့်တစ်ဦးလျှင် (၂၀,၀၀၀)ကျပ်နှုန်းဖြင့် (၇)ဦးအတွက် ထောက်ပံ့ငွေ(၁၄၀,၀၀၀)ကျပ်၊ မူလတန်းအဆင့် တစ်ဦးလျှင် (၁၅,၀၀၀)ကျပ်နှုန်းဖြင့် (၁၂)ဦးအတွက်(၁၈၀,၀၀၀)ကျပ်ဖြင့် ကျောင်းသား/သူ စုစုပေါင်း (၃၄)ဦး ထောက်ပံ့ငွေ(၈၀၅,၀၀၀)ကို ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက စာအုပ်၊ ဘောပင်၊ ခဲတံ စသည့် ကျောင်းသုံးပစ္စည်းကိရိယာများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့၍ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် သားသမီးများ စုစုပေါင်း (၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)