ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကျင်းပ

ဒဂုံတောင် ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ကမ္ဘာ့ကလေး အလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ အသိအမြင်ဗဟုသုတများကို အများပြည်သူ ပိုမိုသိရှိစေပြီး လုပ်ငန်း ခွင်များတွင် ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေး ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက စက်မှုဇုန်(၁)၊ ဇုန်စီမံခန့်ခွဲရေးကော်မတီရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပ‌ဒေ စစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြား‌‌ရေးမှူး ဦးသူရအောင်က တည်ဆဲအလုပ် သမားဥပဒေများ၊ ကလေးအလုပ်သမား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များနှင့် အန္တရာယ်ရှိ သော အလုပ်ကို လုပ်ကိုင်လျက်ရှိသည့် ကလေးအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေး အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသူ များအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစာင် ပြသခြင်းနှင့် ကလေးအလုပ်သမား‌ လျော့နည်းပ‌ပျောက်ရေး ဝိုင်းဝန်းကာကွယ်‌စောင့်ရှောက်ပေးအသိပညာ ပေး လက်ကမ်းစာ‌စောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်သည်။

အသိပညာပေးဆွေးနွေးပွဲသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံ‌ရေးအဖွဲ့၊ အလုပ် သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဇုန်ကော်မတီမှ တာဝန်ရှိသူများ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)