မိုင်းခတ်၌ ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းခတ်  ဇွန် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့်ဝေးလံသော တောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည် ယနေ့နံနက်(၉)နာရီအချိန်က မိုင်းနှုန်းကျေးရွာအုပ်စု၊‌ ယန်းလုံကျေးရွာဘုန်းကြီး ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မိုင်းခတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး‌ အေးထွန်း၊ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းဆိုင်လွန်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းတို့က ကျေးရွာနေပြည်သူများအား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ‌ကို ဆွေးနွေးပြောကြားရာတွင် လူကုန်ကူးမှုအန္တရာယ်အကြောင်းနှင့် မှုခင်းပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း၏ ပြစ်မှုပြစ်ဒဏ်နှင့်ဆိုးကျိုးများ၊‌ စစ်မှုထမ်းဥပ‌ဒေဆိုင်ရာသိကောင်းစရာများ၊ အသက်(၁၀)နှစ် အထက်ရှိသူများအား အီလက်ထရောနစ်စနစ်ဖြင့် ဇီဝအချက်အလက်များ‌ကောက်ယူနေမှုများ၊ စပါး၊ ပြောင်းများပိုးကျပါက‌ ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ ‌နှစ်ရှည်ပင်များစိုက်ပျိုးကြရန်၊ ကော်ဖီပျိုးပင်များနှင့် ပဲပုပ်မျိုးများကို မြို့နယ်စိုက်ပျိုးရေးဌာနတွင် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း၊ စားသုံးဆီဖူလုံစေရေး နေကြာစိုက်ပျိုးကြရန်၊ သတင်းအမှားအမှန်ခွဲခြားနိုင်ရေး၊‌ တောမီးမရှို့ရေး၊ တောင်ယာခုတ်ထွင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဥပဒေများအကြောင်းနှင့် ကျေးလက်မီးလင်းရေး၊ ကျေးရွာလယ်ယာကုန်ထုတ်လမ်းများအကြောင်း၊ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်ရှောင်ရန်၊ ဆောင်ရန်အချက်များနှင့်ကျွဲ၊ နွား၊ ကြက်၊ ဝက်‌မွေးမြူ ရာတွင်ရောဂါကူးစက်မှုမှ ကာကွယ်ရေးတို့ကို မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် အသိပညာ‌ပေးဆွေးနွေး‌ဟောပြောပြီး ကျွဲ၊ နွားတိရစ္ဆာန်ခွါနာလျှာနာရောဂါ ကာကွယ်ဆေးများအခမဲ့ပေးအပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မိုင်းနှုန်းကျေးရွာအုပ်စု၊ ယန်းလုံကျေးရွာမှ တိုင်းရင်းသားပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များတင်ပြဆွေးနွေးရာ သက်ဆိုင်ရာကဏ္ဍများအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)