ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြော

ဒဂုံတောင် ဇွန် ၁၃

၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် () အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဟောပြောပွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်‌ဥမ္မာက အမှာစကားပြောကြားပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံဖြိုးတိုးတက်စေရေး နှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများကို သိရှိစေရန်ရည်ရွယ်၍ ယခုလိုပညာပေး ဟောပြောခြင်းဖြစ်ကြောင်၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာသင့်သည့် အချက်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား  အသိပညာပေးဟောပြောပြီး စာရေးဆရာသက်ဝေမောင်က  မူးယစ်ဆေးဝါးသုံးစွဲခြင်း ကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက်ဆုံးရှုံးမှုများ အကြောင်းအရာများနှင့် မူးယစ်ဆေးဝါးပြစ်မှုများကျူးလွန်ပါက ပစ်ဒဏ်ချမှတ်ခြင်းခံရကြောင်း မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာသင့်သည့်အချက်များ၊ လူငယ်များအကြား မူးယစ်ဆေးဝါးပျံ့နှံ့ပုံများ မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာ အကြောင်းအရာများကို  ကျောင်းသား၊ ကျောင်းသူများအား  ဖြစ်ရပ်မှန်အ‌ကြောင်းအရာများကို အသိပညာပေးဟောပြောကြောင်း သိ ရသည်။

ထို့နောက် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းမေးခွန်းများမေးကာ အဖြေမှန်သူများအား အမှတ် တရလက်ဆောင်ပေးအပ်ပြီး သုတရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြသည်။

သနိးသန်းအေး