သာကေတမြို့နယ်တွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေး အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

သာကေတ ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက်၌ ယမန်နေ့နံနက်တွင်ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲ၌ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ဒေါပုံ/သာကေတမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းရတနာဦးက ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ပြီး ဝန်ထမ်းများက သိရှိလိုသည်များအားမေးမြန်းရာ ပြန်လည်ဖြေကြားပေးခဲ့ပြီး ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ ပိုစတာများနှင့် လက်ကမ်းစာစောင်များအား စက်ရုံရှိဝန်ထမ်းများအား ဖြန့်ဝေ ပေးခဲ့သည်။

 ၂၀၂၄ ခုနှစ် ဇွန်လ(၁၂)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက် ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ဒေါပုံ/သာကေတမြို့နယ် အလုပ်ရုံးနှင့်အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ဦးစီး အရာရှိဒေါ်ဝင်းရတနာဦးနှင့် ဝန်ထမ်းများက စက်မှုလက်မှု ရပ်ကွက် ရှိ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ရုံ များတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)