မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း စာအုန်းဆီ မှန်မှန်ကန်ကန်ဖြန့်ဖြူးရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

မင်္ဂလာတောင်ညွန့် ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကား ကိုယ်စားလှယ်များ၊ စားအုန်းဆီဖြန့်ဖြူးသည့် ကုမ္ပဏီမှတာဝန်ရှိသူတို့အား ခေါ်ယူ၍ စာအုန်းဆီမှန်မှန်ကန်ကန်ဖြန့်ဖြူးရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်အတွင်း စာအုန်းဆီဖြန့်ခွဲရောင်းချမှုနှင့်ပတ်သက်၍ မှန်မှန်ကန်ကန် ဖြန့်ဖြူးနိုင်ရေး၊ စျေးနှုန်းမှန်မှန်ကန်ကန်ရောင်းချနိုင်ရေး၊ ပြည်သူများထံ မှန်မှန်ကန်ကန်ရောက်ရှိရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ်ဥပဒေအရာရှိ၊ သတင်းတပ်ဖွဲ့စိတ်မှူးတို့မှ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

မြို့နယ်(ပြန်/ဆက်)