တပ်ကုန်းမြို့နယ်တွင် မိုးစပါး Seeder စနစ်ဖြင့် အစေ့ချစိုက်ပျိုးရေး အသိပညာပေးဆွေးနွေး

တပ်ကုန်း ဇွန် ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်အတွင်း  စပါးစိုက်တောင်သူများ မိုးစပါးစိုက်ပျိုးရာသီတွင် Seeder စနစ်ဖြင့် အစေ့ချစိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

ထိုဆွေးနွေးပွဲသို့ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်တင်နှင်းနွယ်၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်မင်းဦး၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ နယ်မြေတာဝန်ခံ ဦးနောင်နောင်မျိုးဆွေ၊ ဘုရင့်နောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်ဝင်းနှင့် မိုးစပါးစိုက်တောင်သူများ တက်ရောက်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဆည်မြောင်းနှင့်ရေးအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က မိုးစပါးစိုက်ပျိုးရေနှင့်ပတ်သက်၍ လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်တင်နှင်းနွယ်က Seeder စနစ်ဖြင့် အစေ့ချစိုက်ပျိုးရေးနှင့်ပတ်သက်၍လည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်မင်းဦးက မိုးစပါးစိုက်ပျိုးရေးအတွက် Seeder စိုက်ပျိုးရေးကိရိယာ အခက်အခဲမရှိစေရေး ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် တောင်သူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်