ပြင်ဦးလွင်ခရိုင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြင်ဦးလွင်မြို့ရှိ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်း အခမ်းအနား ကျင်းပ

ပြင်ဦးလွင် ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ()နာရီအချိန်က ပြင်ဦးလွင်မြို့ရှိ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး နိုင်ငံတော်ဗဟိုသံဃာ့၀န်ဆောင်ဆရာတော် အောင်မြေဇေယျာစာသင်တိုက်ကြီး၏  ဦးစီးပဓာနနာယက ဘဒ္ဒန္တအာစိဏ္ဏ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးမှ သာသနာရေးဆိုင်ရာများကို လျှောက်ထားခြင်း၊ ပြင်ဦးလွင်မြို့၏ မြို့မိ/မြို့ဖများမှ ဖြည့်စွက်လျှောက်ထားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ ၀န်‌ဆောင် ဆရာ‌တော် အောင်မြေဇေယျာစာသင်တိုက်ကြီး၏  ဦးစီးပဓာနနာယက ဘဒ္ဒန္တအာစိဏ္ဏ(အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) မထေရ်မြတ်ကြီးမှ ဩဝါဒကထာချီးမြှင့်ပေးခြင်း၊ ပြင်ဦးလွင်မြို့၊ ငါးမည်ရသထုံကျောင်းတိုက်၊ မြို့နယ်ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ အရှင်သူမြတ်မှ ဩဝါဒဂါထာ ချီးမြှင့်ပေးခြင်း၊ ပြင်ဦးလွင်မြို့ ရတနာမာန်‌အောင်ကျောင်းတိုက်၊ မြို့နယ်ဩဝါဒါ စရိယဆရာတော် ဘဒ္ဒန္တသုစိတ္တအရှင်သူမြတ်မှ ဩဝါဒဂါထာချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကြွရောက်လာသော ဆရာတော်၊သံဃာတော်များအား လှူဖွယ်၀တ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး ဗုဒ္ဓသာသနံ စိရံတိဌတု” ()ကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သွေးသွေး(ခရိုင်/ပြန်ဆက်)