တွံတေးမြို့နယ်၌ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများ၊ အသုံးအဆောင်များ ထောက်ပံ့ပေးအပ်

တွံတေး ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းပညာသင်ကြားနေသည့် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများ၊ အသုံးအဆောင်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်မှ ပညာသင်ထောက်ပံ့ကြေးပေးအပ်မှုနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့်ဇနီး ဒေါ်သန်းသန်းရီ (မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ )နှင့် ဒုဥက္ကဋ္ဌ၊ ဒုတိယဦးစီးမှူးများမှ ‌ဝန်ထမ်းသားသမီးများအား တက္ကသိုလ်အဆင့်တစ်ဦးလျှင် (၅၀,၀၀၀)ကျပ်နှုန်းဖြင့် (၆)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀)ကျပ် ၊ အထက်တန်းအဆင့် တစ်ဦးလျှင် (၄၀,၀၀၀)ကျပ်နှုန်းဖြင့် (၈)ဦးအတွက် ထောက်ပံ့ငွေ(၃၂၀,၀၀၀)ကျပ်၊ အလယ်တန်းအဆင့် တစ်ဦးလျှင် (၃၀,၀၀၀)ကျပ်နှုန်းဖြင့် (၃)ဦးအတွက် ထောက်ပံ့ငွေ(၉၀,၀၀၀)ကျပ်၊ မူလတန်းအဆင့် တစ်ဦးလျှင် (၂၀,၀၀၀)ကျပ်နှုန်းဖြင့် (၁၈)ဦးအတွက် (၃၆၀,၀၀၀)ကျပ်၊ KG အဆင့် တစ်ဦးလျှင် (၁၅,၀၀၀)ကျပ်နှုန်းဖြင့် (၅)ဦးအတွက် (၇၅,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ပြီး ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများ၊ အသုံးအဆောင်များစုစုပေါင်း  (၁,၄၂၃,၀၀၀)(တစ်ဆယ့်လေးသိန်းနှစ်သောင်းသုံးထောင်ကျပ်တိတိ) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ ဝန်ထမ်းသားသမီးများ စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တွံတေးသား