ပင်လုံမြို့၊ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ပင်လုံ ဇွန် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ နယ်လှည့်ကွင်းဆင်းလှုပ်ရှားမှုများဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အ.မ.က (၁)ကျောင်းသို့ သွားရောက်ပြီး အသိပညာပေးလုပ်ငန်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ကျောင်းသား/ကျောင်းသူလေးများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများလေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကိုဟောပြော၍ ပုံပြင်ပြောခြင်း၊ ကျောင်းသား/ကျောင်းသူလူငယ်များအား စိတ်ကူးစိတ်သန်းကောင်းများနှင့် ကာယ၊ ဉာဏများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အပြန်အလှန်မေးခွန်းများမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယာဥ်စည်းကမ်းလမ်းစည်းကမ်း၊ အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမူအသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)