ပေါင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ပေါင်  ဇွန်   ၁၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်လင်းဦးက နိုင်ငံ့စီးပွား၊ လူမှုစီးပွားတိုးတက်စေရေးအတွက်ချေးငွေလုပ်ငန်းများကို အကျိုးရှိစွာ အသုံးပြုစေလိုပါကြောင်း၊  ယခုချေးငွေဖြင့် မိမိတို့အကျိုးစီးပွားတိုးတက်အောင် ဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သင်းသင်းယုက အသင်းသားများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေးအတွက် ရန်ပုံငွေမှမတည်ထောက်ပံ့ငွေများဖြင့် ရွှေချမ်းသာစိုက်ပျိုး‌‌ရေးနှင့် အ‌ထွေ‌ထွေစီးပွား‌ရေးလုပ်ငန်းသမဝါယမအသင်းနှင့် မိုးမင်းစိုက်ပျိုးရေးနှင့် ထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းအတွက် စိုက်ပျိုးရေးလုပ်ငန်းတွင် လိုအပ်တဲ့ သွင်းအားစုများဝယ်ယူရန်အတွက် အခုလိုချေးငွေလုပ်ငန်းများကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦးက သမဝါယမအသင်းများဖြစ်သော ‌ရွှေချမ်းသာစိုက်‌ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းအား အရင်း (၇၅၆)သိန်း အတိုးငွေ (၄၄၄၅၂၈၀)ကျပ် ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အတွင်းရေးမှူး ရဲမှူးသံမရောင်က မိုးမင်းစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းများကို အရင်း သိန်း(၃၀၀)  အတိုးငွေ (၁၇၆၄၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)