တာမွေမြို့နယ်တွင် (၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီး

တာမွေ ဇွန် ၁၂

မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၏ အရင်းမူလဖြစ်သည့် ပရိယတ္တိ သာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမ ကျောင်းတိုက်၌ ယမန်နေ့မွန်းတည့် (၁၂)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေး ဆရာတော်များနှင့် ကြီးကြပ်ရေးဆရာတော်များ၏ စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ - ခုနှစ် (၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ နောက်ဆုံးနေ့ကို ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စုစုပေါင်းစာဖြေသံဃာတော်( ၁၃၃ )ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး စာမေးပွဲအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၄ - ခုနှစ် (၃၁)ကြိမ်မြောက် အစိုးရနိကာယ် စာမေးပွဲဖြေဆိုနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖူးမြှော်ကြည်ညိုခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ၂၀၂၄ - ခုနှစ် (၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို ဇွန်လ()ရက်နေ့မှ ဇွန်လ(၁၁)ရက်နေ့အထိ နေ့စဉ်မွန်းတည့် (၁၂)နာရီမှ ညနေ()နာရီအထိ ()ရက်တိုင်တိုင် အုပ်စု()()()()()၊ (၇)၊ () စသည်ဖြင့် အုပ်စုများခွဲ၍ ကျင်းပပြုလုပ်လျက်ရှိရာ စာမေးပွဲနောက်ဆုံးနေ့တွင် ပရိဝါရပါဠိဘာသာရပ်ကို စာဖြေသံဃာတော် (၁၁၆)ပါး၊ ပါထိကဝဂ္ဂပါဠိဘာသာရပ်ကို စာဖြေသံဃာတော် (၉)ပါး၊ ဥပရိပဏ္ဏသပါဠိဘာသာရပ်ကို စာဖြေသံဃာတော် (၁)ပါး၊ မဟာဝဂ္ဂသံယုတ္တပါဠိဘာသာရပ်ကို စာဖြေသံဃာတော် (၁)ပါး၊ ဒဋ္ဌကမှဧကာဒသကနိပါတပါဠိဘာသာရပ်ကို စာဖြေသံဃာတော် (၅)ပါး၊ မိလိန္ဒယျာပါဠိဘာာရပ်ကို စာဖြေသံဃာတော် (၁)ပါး စုစုပေါင်း မြို့နယ်အတွင်းရှိ ပရိယတ္တိ စာသင်တိုက်များမှ စာဖြေသံဃာတော် စုစုပေါင်း ( ၁၃၃ )ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး စာဖြေသံဃာတော်များအနေဖြင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဥပါသကာ အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ဖိရပ်ဖများက လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် စာမေးပွဲအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)