ကျောက်ဆည် ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြင်စိုင်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ဒေသတွင်း စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု မျှတကောင်းမွန် စေရန်၊ အပူဒဏ်လျော့နည်းသက်သာစေရန်၊ သစ်ပင်များအား ကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့် သစ်ပင်၏တန်ဖိုးကို သိရှိစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံက်ပိုင်းက အဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးတို့က ကျောက်ဆည်ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ပျိုးပင်များအား ပေးအပ်ခဲ့ပြီး ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ ပူးပေါင်း၍ဒေသတွင်း စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ မြင်စိုင်အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အတွင်း စိမ်းလန်းစိုပြည် သာယာလှပစေရန်ရည်ရွယ်၍ တပေဘူတ(၂၅)ပင်၊ တမာ(၆၀)ပင်၊ ငုရွှေဝါ(၆၀)ပင်၊ မယ်ဇယ်(၅၅)ပင်၊ ခရေ(၆၀)ပင်၊ စိန်ပန်း(၅၅)ပင်၊ သရက်(၃၅)ပင် စုစုပေါင်း ပျိုးပင်(၃၅၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများအား “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သက်မောင်