မန္တလေး ဇွန် ၁၂
၂၀၂၄ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အဖြစ် မူးယစ်အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ယနေ့နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက “ကြိုတင်ကာကွယ် မူးယစ်ဆေးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာမူလတန်းကျောင်း အမှတ်(၂၀)ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနွယ်က “ လူငယ်ဘဝလှပရေး မူးယစ်ဆေးကို ရှောင်ရှားပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောသည်။
ဆက်လက်ပြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသရာ တက်ရောက်လာသူ ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာဖြင့် လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်