လားရှိုးမြို့တွင် (၃၁) ကြိမ်မြောက် နိကာယ်ငါးရပ် စာမေးပွဲကျင်းပရာ သံဃာတော် (၇၇) ပါး ဖြေဆို

လားရှိုး ဇွန် ၁၂

သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၃၁) ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးစာဖြေဌာနဖြစ်သည့် ပန်အုပ်ပရိယတ္တိစာသင်တိုက်တွင် ငါးရက်တိုင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကျင်းပနေမှုများကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တပုညနန္ဒ၊ နိကာယ်စာမေးပွဲကြီးကြပ်ရေးဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဇိနောရသာလင်္ကာရ (အဂ္ဂမဟာပဏ္ဍိတ) တို့က ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ပြည်နယ်ခွဲ သာသနာရေးမှူး ဦးနိုင်မောင်မောင်စိုးတို့က စာဖြေသံဃာနှင့် သီလရှင်များအတွက် လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးစာဖြေဌာန၌ ဇွန်လ ၁၁ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ မြို့နယ်အသီးသီးမှ  စာဖြေသံဃာ (၇၇) ပါးဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)