ကျိုင်းလပ်မြို့၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ကျိုင်းလပ် ဇွန် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှ ထုတ်ဝေသည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ကျိုင်းလပ်မြို့ရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများထံအရောက် သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များတွင် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားအဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကလေးအလုပ်သမား၏ အသက်အရွယ်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားဆိုင်ရာတားမြစ်ချက်များ၊ အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များနှင့် ကလေးဆိုတာ နိုင်ငံတော်ရဲ့အနာဂတ်၊ နိုင်ငံတော်ရဲ့ အနာဂတ်ဟာ ကလေးတွေရဲ့လက်ထဲမှာ နိုင်ငံကြီးထက်မြက်အောင် ကလေးတွေထက်မြက်ရမယ် ကလေးတွေအရည်အချင်းရှိမှ အရည်အသွေးပြည့်ဝတဲ့ နိုင်ငံဖြစ်မယ်၊ ဒါကြောင့် စားဝတ်နေရေးလိုအပ်ချက်ကြောင့် အစာအိမ်လိုချက်ကြောင့် သင့်တို့ကြောင့် ကလေးတွေအလုပ်သမားမဖြစ်ပါစေနှင့် စသည့် ဆောင်ပုဒ်များ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)