ကာလိမြို့တွင် အသိညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်း ဆောင်ရွက်

ကာလိ ဇွန် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.မ.က မိုင်းယိုင်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူအောင်က ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများအား ကျောင်းသား/သူများ သိရှိနိုင်ရန်အတွက် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူကုန်ကူးမှုအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေး နံရံကပ်စာစောင်အား ပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် ဖတ်ရှုမှတ်သားခဲ့ကြသည်။ ဆက်လက်၍ စာအုပ်စာစောင်များအား ငှားရမ်းပေးရာ ကျောင်းသား/ကျောင်းသူများက မိမိဖတ်ရှုလိုသော စာအုပ်၊ စာစောင်များအား ငှားရမ်းခဲ့ကြကြောင်း သိရသည်။

ကာလိ(ပြန်/ဆက်)