သုံးခွ ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် နိုင်ငံစီးပွာမြှင့်တင်ရေးရန်ပုံငွေရယူထားသည့် သုံးခွမြို့နယ်အတွင်းရှိ သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုများပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ဖရုံလမ်းခွဲထိပ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
ယင်းသို့ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ကြီးကြပ်မှုဖြင့် သုံးခွမြို့နယ်တွင် ၂၀၂၄ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်း(၁၄)သင်းမှ အသင်းသား (၃၀၅) ဦးအတွက် ဧက(၂၆၃၅ )ဧက၊ တန်ဘိုးငွေ (၅၂၇) သန်းနှင့်ညီမျှသော သွင်းအားစုများကို မြိုနယ်သမဝါယမအသင်းစုမှ အသင်းသားများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် သမဝါယမအသင်းအဆင့်ဆင့်ရှိ အသင်းသားများ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်နှင့် ဝင်ငွေတိုးပွားလာစေရန် အတွက်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်၊၊
စည်သူလင်း ပြန်/ဆက်