မိုင်းယုမြို့၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းယု ဇွန် ၁၂

ရှမ်းပြည်နယ်အရှေ့ပိုင်၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှ ထုတ်ဝေသည့် ကမ္ဘာ့ကလေး အလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မိုင်းယုဒေသတွင်း လူစည်ကားရာနေရာတို့၌ လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်များကို မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ဒေသတွင်း လူစည်ကားရာနေရာများဖြစ်သည့် ကွမ်းယာဆိုင်၊ လက္ဖရည်ဆိုင်၊ ဈေးတန်းများ၊ ကုန်စုံဆိုင်များနှင့် အခြေခံပညာကျောင်းတို့၌ အသိပညာပေးလိုက်လံဖြန့်ဝေပေးခဲ့ကြသည်။

ယင်းအသိပညာပေးလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမား၏ အဓိပ္ပါယ်များ၊ ကလေးအလုပ်သမား၏ အသက်အရွယ်နှင့် ပြဋ္ဌာန်းချက်များ၊ ကလေးအလုပ်သမားဆိုင်ရာတားမြစ်ချက်များ၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်(၃)ရပ်၊ ပညာပေးကာတွန်းများ၊ ကဗျာများနှင့် ဆောင်ပုဒ်များကို အသိပညာပေးထည့်သွင်းဖော်ပြပေးထားကြောင်း သိရသည်။

ကိုကိုနိုင်