မိုင်းယောင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး ဆောင်ရွက်

မိုင်းယောင်း ဇွန် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ၌ ယမန်နေ့က သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများထဲရှိ နေအိမ်များနှင့် အိမ်ပတ်ဝန်းကျင်၊ လမ်းပတ်ဝန်းကျင်နေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပိုးလောက်လမ်းသေဆေး(အဘိတ်ဆေး)ခတ်ခြင်း၊ အိမ်အတွင်းရှိခြင်ကျားခိုအောင်းနိုင်သော နေရာများကိုရှင်းလင်းခြင်း၊ မိမိတို့အိမ်ပတ်ဝန်းကျင်ရှိ ခြင်ပေါက်ပွားရာနေရာများ သန့်ရှင်းရေးဆောင်ရွက်ခြင်းစသည့် အိမ်တွင်း၌ ချိတ်ဆွဲထားသောအဝတ်များကို နည်းနိုင်သမျှနည်းအောင်ပြုလုပ်ခြင်း၊ အလင်းရောင်ကောင်းမွန်စွာ ရရှိစေရန်ပြုလုပ်ခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ တာဝန်ခံအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများ၊ ရပ်ကွက်/ကျေးရွာနေ ပြည်သူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နန်းစီဖေါင်း