ပင်လုံမြို့၊ အ.ထ.က (၁)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများအား ဆုံဆို့-မေးခိုင်ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး

ပင်လုံ ဇွန် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆုံဆို့-မေးခိုင်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပင်လုံမြို့ မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေး၍ အ.ထ.က(၁)ကျောင်းရှိ အသက်(၅)နှစ်မှ (၇)နှစ်ကြား ကျောင်းသား၊ ကျောင်းသူ (၈၄)ဦးအား ထိုးနှံပေးခဲ့ကြောင်းနှင့် ဆရာ၊ ဆရာမများနှင့် ကလေးမိဘများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)