ခိုလမ် ဇွန် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းကျောင်း(ခလရ-၆၆)တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ဒုတိယဦးစီးမှူး) ဦးလွှမ်းသူနောင်က အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် နှင့် ဥာဏ်ရည်၊ ဥာဏ်သွေးတိုးတက်မြှင့်မားလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်နှင့်မူးယစ်ဆေးအန္တရာယ်၊ မူးယစ်ဆေး၏ဆိုးကျိုးများအကြောင်းကို ကျောင်းသား/သူ များအား ရှောင်ကြဥ်နိုင်စေရန် အသိပညာပေး ဟောပြောကြားခဲ့သည်။
ယင်းနောက်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ကို ကျောင်းသား/ ကျောင်းသူများအား ပြသပေးခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)