လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအတွက် ပညာသင်ထောက်ပံ့ကြေးများပေးအပ်

လားရှိုး ဇွန် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေကြသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးအေးမွန်တို့က ဝန်ထမ်းမိသားစုဝင်များ၏သားသမီးများအတွက် ထောက်ပံ့ငွေနှင့် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ခဲဖျက်၊ပေတံတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် KG တန်းမှ Grade-5 အထိ (၄၇) ဦး ၊ Grade-6 မှ Grade-9 အထိ (၁၄)ဦး ၊ Grade-10 မှ  Grade-12 အထိ (၁၈)ဦး စုစုပေါင်း (၇၉) ဦးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းထွန်း